သတင်းများ

မိုးမိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီဝင်များက မိုးမိတ်မြို့နယ်ရှိ ကလေးသူငယ်များ အခွင့်အလမ်းရရှိ စေရေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ် ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ အသက် ၆၂ နှစ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့နံနက် ၆ နာရီကျော်အချိန်က သေဆုံးခဲ့သောကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာ (PCR)အား ရယူပြီး စစ်ဆေးမှုလုပ်ငန်းဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ထားသူများကို ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ နာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာ (PCR) အား ယနေ့ နံနက်ပိုင်းတွင် ရယူစစ်ဆေးပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။
တာချီလိတ်မြို့တွင် ကိုဗစ်လူနာအတွက် အောက်စီဂျင်အိုးများ ဝယ်ယူရန် အလှူငွေများ လာရောက်ပေးအပ်
Jul 07,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်း ကိုဗစ္ကုသရေးစင်တာ၌ အသုံးပြုရန်အတွက် အောက်စီအိုးများ ဝယ်ယူရန် အလှူငွေများကို ရိုမက်တစ်စားသောက်ဆိုင်မှ ယနေ့၁၂နာရီအချိန်က လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မြဝတီမြို့၌ လမ်းတံတားကဏ္ဍ လုပ်ငန်း ၁၁ ခုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေများပေးအပ်
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် Quarantine Center ထားရှိနိုင်ရေးကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် Quarantine Center ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်(၈)နာရီအချိန်က တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ ဟောင်းတွင် ဆောင်ရွက်ထားရှိခဲ့သည်။
လွိုင်လင်မြို့၌ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။