သတင်းများ

သန်လျင်၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ၁၆၀ ကျော်ရှိပြီး သေဆုံးသူ ခြောက်ဦးရှိ
Jul 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများထက်တိုးလျက်ရှိနေကြောင်း ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး
Jul 11,2021
ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေအချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များသို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပ
Jul 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် (Club)အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်တော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရန် မဟာကံကြီးရှင် ဘုရားရှေ့၌ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaing ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့အဝင်အထွက် မဟာကံကြီးရှင်ဘုးရာရှေ့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၈)ဦး ထပ်မံတွေ့ရှိ
Jul 11,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေ
Jul 11,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် စက်သုံးဆီ ဂါလံ ၁၀၀၀ လှူဒါန်း
Jul 11,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်အတည်ပြုလူနာနှင့် ထိ​တွေ့ခဲ့သူနှစ်ဦး ကျန်းမာ​ရေး​ကောင်းမွန်လာသဖြင့်​ ဆေးရုံဆင်းခွင့်ပြု
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့​ဆေးရုံး၌   ကိုဗစ်-၁၉​ရောဂါ အတည်ပြု လူနာတစ်ဦးနှင့် ထိ​တွေ့ခဲ့သူ နှစ်ဦးတို့မှာ ကျန်းမာ​ရေး ပြန်လည်​ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ​ဆေးရုံးဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။