မိုင်းဖြတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံး၌ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာတစ်ဦးနှင့် ထိတွေ့ခဲ့သူ နှစ်ဦးတို့မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဆေးရုံးဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံးဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာသည် ဇွန်လ ၂၉ ရက်က တောင်ကြီးမြို့မှ ပြန်လာခဲ့ရာ ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး မိုင်းဖြတ်မြို့၊ ပြည်သူ့ဆေးရုံတွင် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ အမျိုးသားတစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် Quarantine ထားရှိပြီး RDT Test kit ဖြင့် နှစ်ကြိမ် စစ်ဆေးခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါပိုး မတွေ့ခဲ့သည့်အတွက် အတည်ပြုလူနာနှင့်အတူ ယနေ့တွင်ဆေးရုံဆင်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။
၎င်းတို့၂ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်၌ Home Quarantine ၇ ရက် နေထိုင် သွားမည်ဖြစ်ပြီး မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံး၌ အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။
သန်းထွန်းအေး