သတင်းများ

မုဒုံမြို့နယ်၌ နှာခေါင်စည်း (Mask)အခုရေ (၃၀၀၀၀)အား ပြည်သူများထံ အခမဲ့ ဖြန့်ဝေ
Jul 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ လူစည်ကားရာနေရာများ၊ စျေးများ၊ လမ်းဆုံလမ်းခွနေရာများတွင် ပြုလုပ်ခဲ့သည်။
ကျေးရွာ ၇ ရွာသောက်သုံးရေ အသုံးပြုနေသော မြေသားရေလှောင်ကန် ကန်ဘောင်ကျိုးသွားဖြင့် ကျေးရွာသူရွာသားများ ပြန်လည်ပြုပြင်နေ
Jul 11,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဒဟတ်ကန်ကျေးရွာရှိ ကျေးရွာ ၇ ရွာမှ အသုံးပြုနေသော သောက်သုံးရေကန်ကြီး ဇူလိုင် ၆ ရက်နေ့ ည ၇ အချိန်ခန့်က သောက်သုံးရေကန်ကြီး တာဘောင်ကျိုးသွားပြီး ကန်ထဲရှိရေများ ကုန်သလောက် နီးပါးထွက်ကုန်ကြောင်း ဒဟတ်ကန်ကျေးရွာ ဦးတင်စိုးက ပြောကြားသည်။
ကိုဗစ်-၁၉ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများ အားလုံးတွင် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jul 11,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည့်အတွက် ‌ဒေသခံပြည်သူများ ရောဂါကူးစက်မှု ကင်းဝေးစေရန် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ နှင့် ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ ညနေပိုင်းက ချောင်းဆုံမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်မှုများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းဆောင်ရွက်
Jul 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန် အဟုန်မြှင့်၍ဆောင်ရွက်နေရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းကို ယနေ့က ဆောင်ရွက်ခဲ့ကြသည်။
မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် (Mask) နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
Jul 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် Mask နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်‌နေ့နံနက် ၉ နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် လှည့်လည်အသိပေး နှိုးဆော်
Jul 11,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့ အထိ  ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၄၄)ဦး ရှိပြီဖြစ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက် အသီးသီးသို့ ယမန်နေ့ည ၇နာရီခွဲအချိန်က အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကိုဗစ်(၁၉)လူနာများအတွက် အရေးပေါ်နေရာလိုအပ်လာပါက လူနာတစ်ထောင်ခန့်စာအတွက် နေရာချထားနိုင်ရေး ကြိုတင်ပြင်ဆင်
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်မှုတိုးမြှင့်လာပြီး အရေးပေါ်နေရာလိုအပ်လာပါက လူနာတစ်ထောင်ခန့်စာအတွက် နေရာစီစဉ်ပေးနိုင်ရေး ကိုဗစ် စင်တာကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။