တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းကြေညာကပ်ထားသော ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် သြဂုတ်လ ၅ ရက်နေ့က နောင်ခမ်း၊ လုံမုံ၊ ဝိန်းမိုင်၊ မန်ပိန်းကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။