ကျော်တော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရန် မဟာကံကြီးရှင် ဘုရားရှေ့၌ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

ကျောက်တော် ဇူလိုင် ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaing ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့အဝင်အထွက် မဟာကံကြီးရှင်ဘုးရာရှေ့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့် ဦးဆောင်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင် အသုံးပြုသွားလာကြရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကောမတီဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မြို့အဝင်အထွက်နေရာများ၊ ကားဂိတ်များသို့ သွားရောက်ပြီး လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်း စည်းတပ်ဆင် သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း(Mask) ခုရေ (၅၀၀)ခန့်အား  အခမဲ့ဖြန့် ဝေခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)