ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး

လားရှိုး ဇူလိုင် ၁၁

ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေအချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များသို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အိုးများရရှိရေး၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကုသရေး၊ လူမှုရေးအသင်းအဖွဲ့ယာဉ်များ၏ စက်သုံးဆီများရရှိရေး၊ အလှူငွေ ရရှိရေးတို့ကို ဆောင်ရွက်ပေးသည့်အပြင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ကျန်းမာရေးနှင့် သွားလာရေး တို့ကိုပါ ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ခရိုင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှ သိရသည်။

ဥမ္မာချို