သတင်းများ

မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိ
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌  ယနေ့ မွန်းတည့် ၁၂ နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိကြောင်း ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
မိုင်းငေါ့မြို့ တွင် ကိုဗစ်-၁၉ ရောဂါပို့တွေ့ လူနာ (၂) ဦး တွေ့ရှိ
Jul 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ လူနာ အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦး တွေ့ရှိကြောင်း ကျောက်မဲပြည်သူ့ဆေးရုံ၏ အတည်ပြုချက်များအရ သိရသည်။
ကျောက်တန်းမြို့နယ် ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်)တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၁၀) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Jul 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ  (၁၀၅) ဦးစစ်ဆေးတွေ့ရှိရာ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်)တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာကျား(၃) ဦးနှင့် မ(၇) ဦး ပေါင်း(၁၀)ဦး ကျန်းမာရေးကောင်းမွန် လာပြီဖြစ်၍  ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။
ပင်လုံမြို့သို့ ဖြတ်သန်းဝင်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 11,2021
ပင်လုံမြို့အဝင် မွေတော်ဟိုနားဘုရားအနီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် အခြားမြို့နယ်များမှ ပင်လုံမြို့အတွင်း ဝင်ရောက်ဖြတ်သန်းလာသူများအား ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားပြီး ပင်လုံမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီနှင့် ဌာနဆိုင်များပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 11,2021
၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ ကျင်းပပြုလုပ်သော ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ငရုတ်ကောင်းမြို့တွင်ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူ ရောဂါ ပျောက်ကင်းသဖြင့်ဆေးရုံဆင်းခွင့်ရ
Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ၁၃ဦး ရှိကာပထမဦးဆုံး ပိုးတွေ့ လူနာကမ်းနားလမ်းနေ အမျိုးသမီးတစ်ဦးမှာ သေဆုံးပြီး၎င်းနှင့်ထိစပ် သူမိသားစုဝင် ပိုးတွေ့ လူနာကျား၂ဦး၊ မ၂ဦးတို့မှာ ဇူလိုင်၆ ရက်က ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း mask များ အခမဲ့ ဖြန့်ဝေပေး
Jul 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း mask များကို ဗိုလ်ချုပ်ပန်းခြံအနီး မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
မင်းပြားမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်း၌ စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။