လင်းခေး ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်၂၅နှစ်အောက် (Club)အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးပြိုင်ပွဲဝင် (Club) အသင်း (၁၂)သင်းတို့ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး၊ တစ်နေ့လျှင် ပြိုင်ပွဲ ပွဲစဉ်(၈)ပွဲအား ပြိုင်ပွဲကွင်း နှစ်ကွင်းဖြင့် တစ်ပြိုင်နက် ကျင်းပပေးသွားကာ ပြိုင်ပွဲကို ၃ ရက် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ ဦးစီးအရာရှိ ဦးယဉ်မင်းပိုက်၏ ပြောကြားချက်အရ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)