ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၈)ဦး ထပ်မံတွေ့ရှိ

ဝမ်းတွင်း   ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

အဆိုပါပိုးတွေ့သူများမှာ လေးမျက်နှာကျေးရွာမှ အသက်(၆၇)နှစ်ရှိအမျိုးသမီးတစ်ဦး၊ အသက် (၃၃)နှစ်ရှိအမျိုးသမီးတစ်ဦး၊ အသက်(၂၉)ရှိ အမျိုးသားတစ်ဦး၊ အသက်(၂)လအရွယ်ကလေးငယ်(မ)တစ်ဦး၊ အသက်(၅၈)အမျိုးသမီးတစ်ဦး၊ ရွာရှည်ကျေးရွာမှ အသက်(၃၆)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက် (၂၈)နှစ်ရှိအမျိုးသားတစ်ဦး၊ အသက်(၂၄)နှစ်ရှိ အမျိုးသားတစ်ဦး၊ ဝမ်းတွင်း(၃)ရပ်ကွက်မှ အသက်(၂၆)နှစ်ရှိအမျိုးသားတစ်ဦး၊ သခွတ်မြင့်ကျေးရွာမှ အသက်(၃၁)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ဝမ်းတွင်း (၃)မှ အသက်(၄၉)နှစ်ရှိအမျိုးသားတစ်ဦး၊ သဲတော(၃)မှ အသက်(၃၀)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၅)လရှိကလေးငယ် (ကျား)တစ်ဦး၊ ဝမ်းတွင်း(၁)မှ အသက်(၇၅)နှစ်ရှိအမျိုးသားတစ်ဦး၊ အသက်(၆၃)နှစ်ရှိအမျိုးသမီးတစ်ဦး၊ အသက်(၆၉)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၄၂)နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့်အသက်(၆၀)နှစ်ရှိ အမျိုးသမီးတစ်ဦး စုစုပေါင်း(၁၈)ဦးတို့အား RDT ဖြင့်စစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ရပြီး ပိုး တွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 ရောဂါကုသဆောင်နှင့် မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ ကုဆောင်တို့တွင် ဆေးကုသမှုများခံယူရန်ဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကို စုံစမ်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)