သတင်းများ

မလှိုင်မြို့နယ် မေတ္တာရှင် ဆေးဖျန်းအဖွဲ့မှ ကိုဗစ်-၁၉ရာဂါ ပျံ့ပွားမှုမရှိစေရေး ဆေးဖျန်းအမြှောက် စက်ကြီးဖြင့် ပိုးသတ်ဆေးဖျန်း
Jul 11,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် မေတ္တာရှင် ဆေးဖျန်းအဖွဲ့မှ ကိုဗစ်-၁၉ရာဂါ ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းအမြှောက် စက်ကြီးဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့က မလှိုင်မြို့နယ် ရေထွက် ကျေးရွာအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး စစ်ဆေးရေး ဂိတ်များဖွင့်လှစ်
Jul 11,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ လှိုင်းဘွဲမြို့ အဝင်/အထွက်တွင် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁)ဦး စတင်တွေ့ရှိ
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့၌ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာတစ်ဦးကို စတင်တွေ့ရှိကြောင်း သိရသည်။   
မိုင်းလုံမြို့တွင် နေအိမ်အပြင်ထွက်တိုင်း (Mask) နှာခေါင်းစည်း တပ်ဆင်စေရန် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jul 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် နေအိမ်အပြင်ထွက်တိုင်း (Mask) နှာခေါင်းစည်း တပ်ဆင်ရန်နှင့် Mask Campaign အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ် အစိတ်အပိုင်းအချို့ပျက်စီး
Jul 11,2021
ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းကာလေပြင်းတိုက်ခတ်သဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တချို့ရှိ သစ်ပင်ကြီးများ ပြိုလှဲကာ နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ဓမ္မာရုံ၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိ
Jul 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဇူလိုင် ၅ ရက်နေ့တွင် စတင်၍ ပြန်လည်ထားရှိခဲ့ကြောင်း သိရသည်။
ငါးသယံဇာတ ရေရှည်တည်တံတိုးတက်စေရေး တွံတေး၌ ငါးမျိုးစိုက်ထည့်ပေး
Jul 11,2021
ငါးလုပ်ငန်းဦးသီးဌာန၊ တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့် စီမံချက်တို့ဖြင့် ဆောင်ရွက် လျက်ရှိပြီး ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွံတေးမြို့နယ်၊ တံခွန်တိုင် ကျေးရွာအုပ်စုရှိ ရွှေကသစ်ချောင်း သဘာဝရေပြင်သို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။