လားရှိုး ဇူလိုင် ၁၁
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေနိုင်ရန်အတွက် လားရှိုးမြို့စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ စက်သုံးဆီဂါလံ(၁၀၀၀)တန်ဖိုးအားဖြင့် သိန်းငါးဆယ်ကို ယနေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့သို့လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ပြီး စက်သုံးဆီများလိုအပ်ပါက ထပ်မံလှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှသိရသည်။
ဥမ္မာချို