သတင်းများ

ရွာငံမြို့နယ်၊ ဆင်နက်ချောင် ကိုဗစ်−၁၉ ဂိတ်တွင်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဆင်နက်ချောင် ကိုဗစ်−၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇွန်လ(၁၂)ရက်မှစတင်၍ ပြည်သူများ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ဆောင်ရွက်နေသည့်ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 14,2021
မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲမှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းချိန်က ညောင်ဦးခရိုင် တရားရုံးဝင်းအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသွားလာပါက သွားလာခွင့်ကတ်ပါရှိမှသာ သွားလာရမည်
Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့ရှိ Covid – 19 ပိုးတွေ့လူနာ (၂)ဦးကို ဆေးရုံမှ ဆင်းခွင့်ပြု
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အမှတ်(၂)ရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး Covid–19 ပိုးတွေ့လူနာ(နှစ်-ဦး)တို့သည် ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ (၁၁)ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်သဖြင့် ဇူလိုင် ( ၁၄ ) ရက်နေ့ နံနက်ပိုင်း တွင် ဆေးရုံ မှ ဆင်းခွင့်ပြုခဲ့သည်။
နောင်တရားဆေးရုံတွင် လိုအပ်နေသည့် အောင်စီဂျင် Air set ဝယ်ယူရန် အလှူငွေလှူဒါန်း
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်စီဂျင် Air set ဝယ်ယူရန် ဇူလိုင်လ ၁၄ ရက်နေ့တွင် အလှူငွေများ လာရောက်လှူဒါန်းသည်။
အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ယနေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများက နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းသို့ လာရောက်လှူဒါန်းကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်တွင် ဆီထွက်သီးနှံအဖြစ်မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများစိုက်ပျိုးကြပြီး မြေပဲကိုမိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ ရာသီအလိုက်စိုက်ပျိုး ကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။