ညောင်ဦးမြို့အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ညောင်ဦး  ဇူလိုင်  ၁၄

မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲမှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းချိန်က ညောင်ဦးခရိုင် တရားရုံးဝင်းအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း မိုးရာသီအချိန်ပေါင်းမြက်များထပ်ထူစွာ ပေါက်ရောက်ပြီး  ရပ်ကွက်နေ   ပြည်သူများ ဖျားခြင်း၊ ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက်   နှစ်စဉ်နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခြင်လောင်းသားပေါက် လောက်လောင်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်လျှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့် တာယာကွင်းများအား  ဝင်ရောက်နေသည့် ့ရေများကို သွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖြန်းခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့ ပရဟိတသမားများသည် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ တွေ့ရှိသူများအား အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ယူခြင်း၊ ထိစပ်သူများအား ခေါ်ယူခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်း များအား ကူညီဆောင်ရွက်ပေးခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများ နေထိုင်သည့် နေရာများ ပိုးသတ်ဆေးဖြန်းပေးခြင်း၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများအား ဆေးဖြန်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ မည်သည့်နေရာမဆို အကူအညီပေးနေသည့် အမှတ်(၅) အရန်မီးသတ် တပ်ဖွဲ့ဖြစ်ကြာင်း၊ တစ်မြို့နှင့်တစ်မြို့ လူနာပိုဆောင်ခြင်း လုပ်ငန်းများကိုလည်း နေရာ၊ ဒေသ၊ အချိန်နာရီမရွေး ကူညီဆောင်ရွက်ပေးနေကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ကိုထိန်၊ KPD