နောင်တရား ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်စီဂျင် Air set ဝယ်ယူရန် ဇူလိုင်လ ၁၄ ရက်နေ့တွင် အလှူငွေများ လာရောက်လှူဒါန်းသည်။
နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်လျက်ရှိသည့် အောင်စီဂျင်စက် ဝယ်ယူရန် ဝေမျှခြင်းရန်ကုန်မှ ပေးပို့လှူဒါန်းလာသည့် အလှူငွေ တစ်သိန်းကျပ်ကို ဦးစိုင်းတင်မောင်ဦးမှ ဝေမျှခြင်းရန်ကုန်ကိုယ်စား ပေးအပ်လှူဒါန်းပြီး နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက လက်ခံရယူခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် လိုအပ်နေသည့် ကျန်းမာရေးသုံး ပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေးအတွက် နောင်တရားမြို့ ဒေသခံပြည်သူများကလည်း အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ခွန်အောင် (နောင်တရား)