သတင်းများ

သုံးခွမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ (၁၃ ) ဦး ဆေးရုံဆင်းခွင့်ရ
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေအထိ ကျန်းမာရေးကောင်းမွန်သူ (၁၃) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃) ဦး ဆေးရုံးမှဆင်းခွင့်ရ
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာပေါင်း (၈၅) ဦးရှိပြီး ယနေ့တွင် ဆေးရုံးမှဆင်းခွင့်ရရှိသူ (၇၃) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထားဝယ်မြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သောစျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှု့စစ်ဆေး
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီဝင်များနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သောစျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့မှူးတွင်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်
Jul 14,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုလျော့ချနိုင်ရေးအတွက်‌ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းသွားလာ‌ နေကြသူများ အနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိမရှိစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းကို ယနေ့နံနက်ကမြို့မဈေးကြီးတွင် ဆောင်ရွက်နေကြောင်းသိရသည်။
မယ်စဲ့မြို့နယ်၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေး လိုက်လံအသိပေး
Jul 14,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်​နေ့က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင်ရောင်းချရေး လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြသည်။
မေတ္တာမြို့၌ ထားဝယ်(SEZ) မေတ္တာ-ထီးခီး နှစ်လမ်းသွား ဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာ သီးနှံ အဆောက်အဦးများအတွက် လျော်ကြေး နစ်နာကြေးကိစ္စနှင့်ပတ်သက် ၍ ချပြရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jul 14,2021
တနင်္သာရီဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက် ထုတ်ပြန်များချက်နှင့်အညီ ထားဝယ်(SEZ) မေတ္တာ-ထီးခီးနှစ်လမ်း သွားဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေးနစ်နာကြေးကိစ္စနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇူလိုင်၁၄ရက် နံနက်၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ထားဝယ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ (၁၃) ဦး ဆေးရုံဆင်းခွင့်ရ
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်‌ဆေးရုံများနှင့် သတ်မှတ်စင် တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နှင့် ယနေ့ နံနက်က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၁၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရ သည်။
ကာမိုင်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 14,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့(၁၆)ကုတင်ဆံ့ တိုက်နယ် ပြည်သူ့ဆေးရုံး၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။