ရွာငံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဆင်နက်ချောင် ကိုဗစ်−၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇွန်လ(၁၂)ရက်မှစတင်၍ ပြည်သူများ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ဆောင်ရွက်နေသည့်ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ရွာငံမြို့နယ်အဆင့် ကိုဗစ်−၁၉ ရောထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ Volunteer များပါဝင်သောပူးပေါင်းအဖွဲ့ များက မြို့နယ်အတွင်း ယာဉ်ကြီး/ယာဉ်ငယ် ၊ဆိုင်ကယ် စသည့် ဝင်ရောက်ဖြတ်ကျော်သွားလာနေသော ပြည်သူများ၏ ကျန်းမာရေးအတွက် အပူချိန်တိုင်းတာပေးခြင်း၊ခရီးသွာနေရာဒေသ မေးမြန်း မှတ်တမ်းရေးသွင်းခြင်း၊ ယာဉ်မောင်းနှင့်ခရီးသွားများ အဆင်ပြေသွားလာနိုင်ရေး၊ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး ကိုဗစ်−၁၉ ရောဂါဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး တို့ကို အသိပေးနှိုးဆော်လျက်ရှိပြီး အဆိုပါကျန်းမာရေးစစ်ဆေးဂိတ်တွင် ဇူလိုင်လ (၁၄)ရက်အထိ ယာဉ်အစီးရေ (၂၄၀၃) ကျော်နှင့်လူဦးရေ (၆၈၇၀)ကျော်တို့ကို ကိုဗစ်−၁၉ ရောဂါကျန်းမာရေးဆိုင်ရာများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ရွာငံ)