မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းသို့ လာရောက်လှူဒါန်းကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော မြို့နယ်ကြက်ခြေနီအသင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အောင်မြေဆည်းဆာကျေးရွာမှ ဦးညို မိသားစုက အလှူငွေ ကျပ် ငါးသောင်း၊ မိုင်းယာင်းမြို့နယ် SNLD ပါတီက နှာခေါင်းစည်းများကို အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း