Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မေတ္တာမြို့၌ ထားဝယ်(SEZ)-မေတ္တာ-ထီးခီးနှစ်လမ်းသွားဖောက်လုပ်မည့်လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေးနစ်နာ ကြေးကိစ္စနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Jul 14,2021
တနင်္သာရီဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်ထုတ်ပြန်များချက်နှင့်အညီ ထားဝယ်(SEZ)မေတ္တာ-ထီးခီးနှစ်လမ်းသွား ဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက် အဦးများအတွက် လျော်ကြေးနစ်နာကြေးကိစ္စနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း အခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဆေးရုံကြီး၊ကျန်းမာရေးစင်တာနှင့် စစ်ဆေးရေးဂိတ်များသို့ သွားရောက် ကြည့်ရှုစစ်ဆေး
Jul 14,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ သီတဂူမျက်စိဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုပြီး Mask များ၊လက်အိတ်များနှင့် စားသောက် ဖွယ်ရာများ လှူဒါန်းပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့တွင် ဟိတကာရီ သာရေးနာရေးကူညီမှုအသင်းသို့ လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ဟိတကာရီသာရေး နာရေးကူညီမှုအသင်းသို့ ကိုဗစ်- ၁၉ အရေးပေါ်ကာလတွင် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့ မြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်
Jul 14,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေး ရေးဂိတ်ကို ပန်ဆန်း(ပန်ခမ်း)-မန်ကန်-တန့်ယန်းလမ်း မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ဖွင့်လှစ်ထား ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် ထွေ/အုပ် ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ပေါ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ(၈)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၁၀ ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Jul 14,2021
ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူလူနာများထဲမှ ယမန်နေ့ ညနေပိုင်းတွင် ကျန်းမာရေး ကောင်းမွန်သဖြင့် (၁၀)ဦး ဆေးရုံမှ ထပ်မံဆင်းခွင့်ရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇)ဦး ထပ်မံတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၄ ရက်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ခုနှစ်ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27833
Page
27834
Page
27835
Page
27836
Current page
27837
Page
27838
Page
27839
Page
27840
Page
27841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department