သတင်းများ

ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Jul 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေတောင်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် ပုံမှန်လိုက်လံအသိပေး ဆောင်ရွက်
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
"ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် အသိပေး/ သတိပေး နှိုးဆော်တိုက်တွန်း
Jul 14,2021
သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် အသိပေး/သတိပေး နှိုးဆော်တိုက်တွန်းချက်များ (၁)အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ။
ပုတီးကုန်းမြို့ရှိ ဘိုးဘွားရိပ်သာအား ယာယီကုသရေးစင်တာအဖြစ် ဆောင်ရွက်ထားရှိ
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ဘိုးဘွားရိပ်သာအား ယာယီ ကုသရေးစင်တာအဖြစ်ထားရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။
အသွားအလာကန့်သတ်ထားသည့် အိမ်ခြေ(၉၆)အိမ်သို့ စားသောက်ကုန်နှင့်အားဆေးများလှူဒါန်းထောက်ပံ့
Jul 14,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ရွာလွတ်လူမှုကယ်ဆယ်ရေးအဖွဲ့အားသစ်စေတနာသွေးလှူရှင်အသင်းမှ ယမန်နေ့ နေ့မွန်းလွဲအချိန်က ရွာလွတ်ကျေးရွာ၊ ညောင်လန်းကြံခင်းရပ်နှင့် ကွက်သစ်ရပ်တို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အိမ်ထောင်စုနှင့် ပိုးတွေ့လူနာနှင့် ထိတွေ့ထားသည့် အိမ်ထောင်စုဝင်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ခြေ(၉၆)အိမ်အား စားသောက်ကုန်နှင့်အားဆေးများ သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် နှင့် ဆီ၊ ဆား၊ ပဲကြာဇံများ လှူဒါန်း
Jul 14,2021
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နှင့် မီးရထားရပ်ကွက်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်း(၂၄)ကျောင်းနှင့် သီလရှင်ကျောင်း(၅)ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲကြဇံများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဟုမ္မလင်းကျောင်းတိုက် အတွင်း လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး ပန်း​​တောင်းမြို့နယ်တွင် ခရီးသွားကားများ၊ ဆိုင်ကယ်များစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေး
Jul 14,2021
ပဲခူးတိုင်းဒေသကြီး ၊ ​ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ပန်း​တောင်းမြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပန်း​တောင်း​ ​​ မြို့အဝင် နဝဒေးဂိတ်၊ ဥသျှစ်ပင်ဂိတ်တို့ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ခရမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြပ်မတ်စစ်ဆေး
Jul 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ရေးရန် နှာခေါင်းစည်း Mask မတပ်ဆင်လာသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်း နှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အပူချိန်တိုင်းတာခြင်းများကို ယနေ့ နံနက်က ဆောင်ရွက်နေ ကြောင်း သိရသည်။