ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ယနေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများက နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်ဈေးရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများကို အင်းစိန်မြို့ နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများ၊ ဈေးခရိုင်ရုံး ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ အကြောင်းသိကောင်းစရာများကို အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ကြက်ဘဲဈေးနှင့်အောင်ဆန်းဈေးတို့တွင်ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးဝင်းနိုင်၏လမ်းညွှန်မှုဖြင့် ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက နေ့စဉ် အသံချဲ့စက်ဖြင့် ဈေးအတွင်းသို့ လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများစသည်တို့ကို အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို