ခိုလမ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အမှတ်(၂)ရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး Covid–19 ပိုးတွေ့လူနာ(နှစ်-ဦး)တို့သည် ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ (၁၁)ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်သဖြင့် ဇူလိုင် ( ၁၄ ) ရက်နေ့ နံနက်ပိုင်း တွင် ဆေးရုံ မှ ဆင်းခွင့်ပြုခဲ့သည်။
အဆိုပါဆေးရုံဆင်းခွင့်ရသူ(၂)ဦးကို ခိုလမ်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးကာ Home Quarantine (၁၀) ရက်နေထိုင်ရန် ဆောင်ရွက်ပြီး ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြို့Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။