သတင်းများ

ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စတင်ထိုးနှံပေး
Aug 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကင်းမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံပြန်ရေးကော်မတီမှသိရသည်။
ဟိုပန်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ
Aug 01,2021
ဟိုပန်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်ရှိ “ဝ”ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဆောင်ရွက်ရာ ဟိုပန်မြို့ပေါ် (၁၀)ရပ်ကွက်မှ  ဘိုး/ဘွားများက လာရောက်ထိုးနှံ့ခဲ့ကြောင်းသိရသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို အသက် ( ၆၅ ) နှစ်အထက် သက်ကြီး မိဘပြည်သူများအား စတင်ထိုးနှံပေး
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက် ( ၉) နာရီမှ စတင်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း  ၊ ရေငယ် အထက (ခွဲ ) ၊ မြို့တော်ခန်းမ ၊ ညောင်နီ ဘုန်းကြီး ကျောင်းနှင့် အနီးစခန်း (အထက)တို့တွင်  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး ထိုးအဖွဲ့ ( ၆ ) ဖွဲ့ဖြင့်  စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရှိရသည် ။
ပြည်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး‌သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီမှ ၁၂နာရီအထိ  ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိ‌သည်။
မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မော်လိုက်မြို့၊ မြို့တော် ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကဝမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ကူးစက်မှုမြန်ဆန်၍ သေဆုံးမှုမြင့်တက်လျက်ရှိသော  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  ယမန်နေ့ နံနက် (၉:၀၀) နာရီတွင်  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။
မင်းလှမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဆေးထိုးစုရပ်(၈) နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား စုရပ် (၈)နေရာတွင် ယမန်နေ့နံနက် ၉ နာရီချိန်က  လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။