သတင်းများ

နောင်တရားမြို့၌ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ နောင်တရားမြို့ အမှတ်(၁)၊(၂)(၃)ရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေး လျက်ရှိသည်။
ရွှေကူမြို့တွင် အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေး
Aug 01,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက  အသက်  (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့တွင် ကိုဗစ်အတည်ပြုလူနာများအတွက် အလှူငွေနှင့် အစားအသောက်များ ထောက်ပံ့လှူဒါန်း
Aug 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူနေကြသည့် အတည်ပြုလူနာ များအတွက် အလှူရှင်တို့မှ အလှူငွေနှင့် အစားအသောက်များကို နေ့စဉ်လှူဒါန်း ထောက်ပံ့နေလျက်ရှိသည်။
မြိတ်မြို့တွင် အသက်(၆၅)နှစ်အထက် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၆၅)နှစ် အထက်များအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပုလဲရတနာ ခန်းမ၊ သားဖွားသင်တန်း ကျောင်းနှင့် ခရိုင်အားကစားခန်းမတို့တွင် စတင်ထိုးနှံပေးလျက်ရှိကာ နေ့စဉ် နံနက် (၉)နာရီမှ (၁၂)နာရီထိ (၆)ရက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Aug 01,2021
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှုကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်
Aug 01,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဇလွန်မြို့နယ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၁၃ လုံးပြိုကျပျက်စီးခြင်းနှင့် ၁၀လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူတွင် အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ အသက် (၆၅)နှစ် နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား  မြို့နယ်၏ အပိုင်းအလိုက် နေရာ ၄ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီက ကြာနီကန်ကျေးရွာ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။