ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို အသက် ( ၆၅ ) နှစ်အထက် သက်ကြီး မိဘပြည်သူများအား စတင်ထိုးနှံပေး

ပြင်ဦးလွင်   ဩဂုတ်   ၁

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက် ( ၉) နာရီမှ စတင်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း  ၊ ရေငယ် အထက (ခွဲ ) ၊ မြို့တော်ခန်းမ ၊ ညောင်နီ ဘုန်းကြီး ကျောင်းနှင့် အနီးစခန်း (အထက)တို့တွင်  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး ထိုးအဖွဲ့ ( ၆ ) ဖွဲ့ဖြင့်  စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရှိရသည် ။

ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက် ၊  ကျေးရွာများတွင်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ( ၆၅ ) နှစ်အထက် သက်ကြီး ရွယ်အိုများအား သတ်မှတ်နေရာ အသီးသီးတို့တွင် အပူချိန်တိုင်းတာခြင်း ၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့်  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး   တာဝန်ရှိသူနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ  ကာကွယ်ဆေးတစ်လုံးလျှင်  လူ ( ၂) ဦးနှုန်းဖြင့်   လဦးရေ ( ၁၆၀၀)  ဦးအား စတင်ထိုးနှံပေးလျက်ရှိသည် ။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသော စုရပ်နေရာများသို့   ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည် ။

ခရိုင် ( ပြန်/ဆက် )