ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စတင်ထိုးနှံပေး

ရန်ကင်း ဩဂုတ်  ၁

ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကင်းမြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံပြန်ရေးကော်မတီမှသိရသည်။

ထိုသို့ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက်မိုးကောင်း ဘုရား အရိယာဓမ္မာရုံ၌ ယနေ့နံနက် ၁၁ နာရီအချိန်မှ စတင်၍ ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန်ရည်ရွယ်၍ ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထိုးနှံဆောင်းရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံရာတွင် ဆေးရရှိမှုအပေါ်မူတည်၍ မြို့အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား သြဂုတ်လ ၁ ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ စတင်၍ မိုးကောင်းဘုရား အရိယာဓမ္မာရုံ၌ ထိုးနှံပေးမည်ဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မိဘပြည်သူများ အနေဖြင့် လာရောက်ထိုးနှံကြပါရန်နှင့် ကျန်ရှိသူများကိုလည်း ကာကွယ် ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)