သတင်းများ

ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၂၀)ဦးနှင့် သေဆုံးသူ(၁၀)ဦးထိရှိလာ
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ ကိုဗစ်ရောဂါစစ်ဆေးပေးနေသည့် GTI ကျောင်းသို့  ယမန်နေ့က လာရောက် စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦးထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း(၃၂၀)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။  
နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်
Aug 05,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ များအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ (၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက် ခဲ့ပါသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံပေးပြီးသူ ပေါင်း ၄၅၅၈  ဦးရှိပြီဖြစ်
Aug 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက ်ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ကဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၅၅၈ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။
ဝါးခယ်မမြို့နယ်၌ ကစကဲအကျဉ်းစခန်းမှ အကျဉ်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့များ၏ အနီးကပ်ကြည့်ကြပ်မှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက မင်းလံကစကဲ ကျေးရွာအုပ်စု၊ ကစကဲကျေးရွာ၊ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းရှိ စည်းကမ်းထိန်းသိမ်းရေးရုံးတွင် အကျဉ်းသားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် (၁၃)ဦး ဆေးရုံဆင်းခွင့်ရ
Aug 05,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊   ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး အမ်းမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ယမန်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ ဈေးတောင်ရပ်ကွက်နေ(၃) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 
ရွာငံမြို့နယ်တွင်း အသက်(၆၅)နှစ်အထက်အဘိုးအဘွားများနှင့် ပြည်သူများအားကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်အထက်အဘိုးအဘွားများနှင့်ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရွာငံမြို့ ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 05,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။