ဟိုပန် ဩဂုတ် ၁
ဟိုပန်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်ရှိ “ဝ”ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဆောင်ရွက်ရာ ဟိုပန်မြို့ပေါ် (၁၀)ရပ်ကွက်မှ ဘိုး/ဘွားများက လာရောက်ထိုးနှံ့ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း ထိုက်နှင့် မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာပြည့်ကိုကိုတို့မှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ခြင်းနှင့်စပ်လျှဉ်း၍ ဘိုးဘွားများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်/ကျေးစာရေးများနှင့် ပညာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် ဘိုး/ဘွား များအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကြက်ခြေနီအဖွဲ့မှ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်း Mask များအသစ်လဲလှယ်တပ်ဆင်စေခြင်း၊ ကျန်းမာ ရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးဆိုင်ရာကိစ္စများအား စစ်ဆေးပေး ခြင်း၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရန် ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ပြီး အားဖြည့်အချိုရည်များ ကူညီထောက်ပံ့ပေးခဲ့သည်။ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဟိုပန်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinophram အလုံးရေ(၇၁၄)လုံး ရရှိထားပြီး ဩဂုတ်လတွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)