ကဝမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကဝ   ဩဂုတ်   ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ကူးစက်မှုမြန်ဆန်၍ သေဆုံးမှုမြင့်တက်လျက်ရှိသော  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  ယမန်နေ့ နံနက် (၉:၀၀) နာရီတွင်  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးကို  မြို့ပေါ်ရပ်ကွက် (၆)ခုရှိ ကျန်းမာရေးကောင်းမွန်သူများ၊ ကိုဗစ်-၁၉ ရောဂါ လတ်တလော ကူးစက်ခံရခြင်းမရှိသူများ၊ အသက်(၆၅)နှစ်နှင့်အထက် ကျန်းမာရေး ကောင်းမွန်သူများ၊  အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ Volunteerများ၊  ပရဟိတ အဖွဲ့များ၊   ဘုန်းတော်ကြီးများ၊ သီလရှင်များ၊  နိုင်ငံ့ဝန်ထမ်းများနှင့်  မိသားစုဝင်များ၊   အစိုးရနှင့်ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊   ပုဂ္ဂလိကစက်ရုံနှင့် အလုပ်ရုံဝန်ထမ်းများ၊   အကျဉ်းသား အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သူများနှင့်   စျေးသည်များ လာရောက်ထိုးနှံကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  လာရောက်ထိုးနှံကြသူများအား ကျန်းမာရေး ဝန်ထမ်း ဆရာ/ဆရာမများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်   စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ကူညီကြပြီး  ကာကွယ်ဆေးလာရောက်ထိုးနှံကြသူ စုစုပေါင်း(၃၀၀)ဦးဖြစ်ကြောင်း  သိရှိရသည်။

 မြို့နယ် ပြန်/ဆက်