သတင်းများ

အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား အောင်လံမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းက စတင်ထိုးနှံပေးခဲ့ရာ ပဉ္စမမြောက်နေ့ ယနေ့နံနက်(၈)နာရီက ဝန်ထမ်း၊ ဝန်ထမ်းမိသားစုများနှင့် ကျေးရွာအုပ်စု(၈)အုပ်စုမှ ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သီလရှင်ဆရာလေးများနှင့် အသက် ၆၅ နှစ်နှင့်အထက်များ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်သူများကို ဩဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၉နာရီအချိန်ထိ စလင်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမဆောင်၌ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ဖားကန့်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို နေရာ(၄) နေရာခွဲ၍ ထိုးနှံပေး 
Aug 05,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့  နံနက်ပိုင်းအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်လျက် မြို့နယ်ကုသ‌ရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ ပြင်ပဆရာ၀န်များ၊ Volunteer /ပရဟိတအဖွဲ့များဖြင့် နေရာ(၄)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို (၄)နေရာခွဲ၍ ထိုးနှံပေး
Aug 05,2021
ပုလောမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ၀န်ထမ်းများ၊ Volunteer ၊ ကျန်းမာရေး ၀န်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ် SinoPharm (၅) ရက်မြောက်နေ့ကို ယနေ့ နံနက် (၉)နာရီခွဲက လက္ကူး ကျေးရွာ အထက(ခွဲ) ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များထောက်ပံ့ပေးအပ်
Aug 05,2021
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး အစီရင်ခံစာ အရ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇)ခု အနက် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဘင်္ဂါလီဘာသာစကားအသုံးပြုသူများအား The ASEAN-ROK Fund on the Repatriation of Displaced Persons in Rakhine State ရန်ပုံငွေဖြင့် မေယု FM Radio များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၊ အနောက်ရပ်ကွက် အထက(၁) ခန်းမနှင့် သပြေကုန်းရပ်ကွက် အ.လ.က ကျောင်း ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့တွင် အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး
Aug 05,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ် ၅ ရက် နံနက် ၉ နာရီက အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများဆောင်ရွက်
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံပါတ်(၁) လမ်း ၊ ထောင်လမ်း ၊ နံပါတ် (၅) လမ်း ၊ တပင်ရွှေထီးလမ်း ၊ ဘုရားလမ်းတို့၌ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။