Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်နှင့်ဆီများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့အတွက် တစ်ဦးလျှင် (၃)လစာ ငွေကျပ်ခြောက်သောင်းပေးအပ်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့အတွက် တစ်ဦးလျှင်(၃)လစာ ငွေကျပ် ၆၀,၀၀၀/-ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ တောင်ညွန့်ကြီးဓမ္မာရုံတွင်လည်းကောင်း၊ မွန်းလွဲ (၂)နာရီအချိန်တွင် ပုသိမ်ညွန့်ရပ်ကွက်၊ သဒ္ဓမ္မဗျူဟာဓမ္မာရုံတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုးအသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နေလည်(၁)နာရီအချိန်က သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ) လ-၂၅ ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 12,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၅ ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငှက်ဖျားပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း ဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငှက်ဖျားပိုးရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှာကြား
Aug 12,2025
မြိတ်မြို့နယ်စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို Southern Green Power Co.,Ltd က လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့နံနက် ၁၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း မီးလင်းရေး၊ ၂၄ နာရီ မီးအပြည့်အဝရရှိရေး၊ တစ်ယူနစ် ဈေးနှုန်းလျော့ကျရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ "ဧ" ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့ ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ "ဧ" ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒစရိယဆရာတော်ဘုရားများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါဗျိုင်းရေအိုးစင် (ရွာမ) ရပ်ကွက်လုံးဆိုင်ရာ "ဧ" ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
251
Page
252
Page
253
Page
254
Current page
255
Page
256
Page
257
Page
258
Page
259
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department