မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်
May 21,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၄) ရပ်ကွက် မြေနီကုန်း လမ်းဆုံမီးပွိုင့်နှင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်သည်။