အိမ်မဲမြို့ အ.ထ.က (၁) ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ ရွှေညီလာခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။