ပျော်ဘွယ်မြို့နယ်တွင် (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြ
Aug 12,2025
ပျော်ဘွယ်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၂ရက်နံနက် ၉ နာရီက ဝက်လက်ကျေးရွာ၌ ကျင်းပသည်။ အဆိုပါကိရိယာသည် အလုပ်သမားလိုအပ်ချက် လျှော့ချနိုင်ခြင်း၊ လုပ်ငန်းပြီးစီးမှုမြန်ဆန်ကာ အချိန်ကုန်သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်းကြောင့် စိုက်ပျိုးစရိတ်လျှော့ချနိုင်မည်ဖြစ်သည်။