သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သရက်မြို့တွင် မိုးနှမ်း (စမုံနက်) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Aug 12,2025
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ ကွင်းအမှတ် (၂၀၇Aခ)တွင် စိုက်ပျိုးထားသော မိုးနှမ်း(စမုံနက်) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်ကကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စျေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနုသည် ကွမ်းခြံကုန်းမြို့မစျေးတွင် ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေ့ဆုံမိတ်ဆက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ယခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကော်မရှင်အဖွဲ့ခွဲ၏ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ပွဲနှင့်အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးရေပြင်တွင် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သော ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ ကန်တော်ကြီးသဘာဝရေကန်တွင် ကျင်းပသည်။
မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဟူသည့် အဓိပ္ပာယ်များ၊ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလတို့နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး  လိုက်နာကျင့်သုံးရမည့်အချက်များ၊ ယနေ့ခေတ်လူငယ်၏ အနာဂတ်၊ လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။ 
မိုးနဲမြို့နယ်၌ ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ မိတ်ဆက်ရှင်းလင်း
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ၂ဝ၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၏ ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
‎​ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အ.မ.က(ဂွေးပင်)တွင် ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က(ဂွေးပင်)ကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။