သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သံဃာ့ဒါနအာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၃) ရက်နေ့နံနက် ၄ နာရီအချိန်မှစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြကြောင်း သိရသည်။