တိုက်ကြီးမြို့နယ် စိုင်တမော့ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်း

တိုက်ကြီး ဇူလိုင် ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေး မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီ အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကတိုင်စိန်ကျေးရွာအုပ်စု စိုင်တမော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြစိမ်းရောင် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများက အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်  ကော်မတီဝင် ၇ ဦးအား အသစ်ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)