ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်ဘုတ်ပြသ
Dec 17,2021
ကမ္ဘာ့နိုင်ငံနေရာအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ်(အိုမီခရွန်) ထပ်မံကူးစက်ပြန့်ပွားလာသည်နှင့်အမျှ ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။