တံတားဦး ဒီဇင်ဘာ ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာ့ရှင် ပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံများအသံအချို့ကို ဖော်ပြပေးလိုက်ပါတယ် -
အဒေါ်က ဒေါ်တင်ဝင်းပါ၊ အသက်က(၇၀)ရှိပြီး နေရပ်ကတော့ အမှတ်(၃)ရပ်ကွက်၊ တစီးရှင်ရပ်မှာ နေထိုင်ပြီးအလုပ်အကိုင်က မှီခိုပါ။ ကိုဗစ်-၁၉ ရောဂါစဖြစ်တဲ့အချိန်မှာ အဒေါ်ဖျားပြီးတော့ ကိုယ်လက်တွေ ကိုက်ခဲလာတာကြောင့် ကျန်းမာရေးဌာနကိုသွားပြီး စစ်ကြည့်တော့ အဖြေက ကိုဗစ်-၁၉ ရောဂါ ရှိတယ်လို့သိရတယ်။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ ကိုယ်လက်တွေ ကိုက်ခဲပြီး ဖျားတော့တာပဲ။ ဆရာဝန်ကပေးတဲ့ဆေးတွေကို ပုံမှန်သောက်လိုက်တော့ (၅)ရက်နောက်ပိုင်း အဖျားမရှိတော့ဘူး။ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ညွှန်ကြားတဲ့အတိုင်း ဆေးပုံမှန်သောက်တယ်။ ကိုယ်ခံအားကောင်းလာအောင် အာဟာရပြည့်မယ့် အစားအသောက် တွေကို အဒေါ်နေ့တိုင်း ပုံမှန်စားတယ်။ ဆရာဝန်က အသက်ကြီးတော့ ရေချိုးဆင်ခြင်ခိုင်းပြီး အအေးမမိအောင် ဂရုစိုက်နေထိုင်တာကြောင့် Quarantine Centre မှာ(၁၄)ရက်နေပြီး အိမ်ကိုပြန်လာပါတယ်။ အိမ်မှာ(၇)ရက်သီးသန့်နေပြီး နောက်ပိုင်း အရင်လို ကျန်းမာရေး ကောင်းလာပါတယ် ။
ကိုဗစ်-၁၉ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသရင် ရောဂါအခြေအနေမဆိုးဘဲ နှာစေး ၊ ချောင်းဆိုးလောက်ဖြစ်ပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှား လုပ်ကိုင်လို့ရမှာပါ။ ရောဂါစဖြစ်တဲ့ အချိန်မှာ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ။ အဓိက စိတ်ဓာတ်လုံးဝမကျကြပါနဲ့။ အာဟာရ ပြည့်ဝအောင်စားပါ။ ရေဆိုးဆင်ခြင်ပါ။ ပင်ပန်းတာတွေမလုပ်ကြပါနဲ့ ။ အဆုပ်ကိုပြန်အားကောင်း စေမယ့် အသက်ရှူ လေ့ကျင့်ခန်းကို မကြာခဏလုပ်ပေးပါလို့ အဒေါ်အနေဲ့ အကြံပြုချင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ။ ဘိုမောင် (ပြန်/ဆက်)
မှတ်တမ်းတင်သူ ။ ရဲတင့် (တံတားဦး)