သတင်းများ

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြို ပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 17,2021
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” အကြိုပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
ဝါးခယ်မမြို့နယ်တွင် "မေတ္တာရွှေလက်" အဝစားငါးရာကျပ်တန် ထမင်းဆိုင်ထပ်မံဖွင့်လှစ်
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အရှေ့ပိုင်း မြသိန်းတန်ရပ်ကွက် ကံလှကျောင်းတိုက် ဆရာတော်နှင့် ဆရာတော်များဦးဆောင်လှူဒါန်းပြီး အလှူရှင်များ၏ မတည်လှူဒါန်းငွေများဖြင့် မေတ္တာရွှေလက် အဝစားငါးရာကျပ်တန် ထမင်းဆိုင်ကို (၁၆.၁၂.၂၀၂၁)ရက်နေ့နှင့် ယနေ့တွင်လည်း နံနက်(၁၀)နာရီမှ နေ့လည်(၁) နာရီအတွင်း စတင်ရောင်းချပေးခဲ့ပါသည်။ စီးပွားရေးအဆင်မပြေ၍ အခက်အခဲရှိသော နွမ်းပါးမိသားစုများအတွက် အဟာရအဖြစ်စားသုံးနိုင်ရန် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးကြော်နှပ်ဟင်း၊ ဘဲဥချဉ်ရည်၊ အသီးအရွက်ကြော်၊ သီးစုံအရည်သောက်ဟင်း၊ ငပိရည်ဖျော်၊ တို့စရာအစုံတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး စားသောက်ပြီးပါကလည်း အချိုပွဲအဖြစ် အအေးတစ်ဗူးစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခန့်က စာရေးဆရာပီတိ(ပေကြီး) ၏ “ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ အခြေခံသိစရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်
Dec 17,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိ ပညာပေး နံရံကပ်စာစောင်ဖြင့် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများအား ကွင်းဆင်းစစ်ဆေး
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများလူနေမှုအဆင့်မြင့်မားစေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် လူငယ်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club အဖွဲ့၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကို ယနေ့ နေ့လယ် (၁၂ )နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ရုံးတွင်းနှင့်ရုံးပြင် မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ
Dec 17,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြည်သူများသိရှိ၍ ဗဟုသုတ ရရှိစေရန်အတွက် ရုံးတွင်းနှင့်ရုံးပြင် မြေစိုက်နံရံကပ်ဘုတ်တွင် ပြ သဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ် ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေးပြသ
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့်ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ် နှင့်ဦးတည် ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား ရုံးရှေ့မြေ စိုက်ဘုတ် တွင် ပြသဆောင်ရွက်ခဲ့သည်။