ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိ စေရေး အသိပေးနှိုးဆော်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းအသက် ၁၈နှစ်နှင့် အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင် ရန်နှင့်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက်၁၈နှစ်အထက် ပြည်သူများ ကာကွယ်ဆေးထိုး နှံမှုကျန်ရှိမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကိုအရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅နာရီ အချိန်ကမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီး သတ်ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် လက်ပနွယ် ကျေးရွာများ သို့သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့်အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။