ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်ဘုတ်ပြသ

ဘိုကလေး ဒီဇင်ဘာ ၁၇

ကမ္ဘာ့နိုင်ငံနေရာအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ်(အိုမီခရွန်) ထပ်မံကူးစက်ပြန့်ပွားလာသည်နှင့်အမျှ ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါနံရံကပ်ဘုတ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လမ်းညွှန်ချက် များ၊ အများပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် တိုက်တွန်းနှိုးဆော်မှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် အနံ့အာရုံခံစားမှု ပျောက်ကွယ်ရသည့် အကြောင်းအရင်းများ၊ ရောဂါဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ကြုံတွေ့ရသည့် ရောဂါလက္ခဏာစုများ အကြောင်းတို့ကို စုံလင်စွာဖြင့် အများပြည်သူ စိတ်ဝင်စားဖွယ်ရာ ပြသဆောင်ရွက်ထားရှိပြီး ကျောင်းသား/သူများနှင့် မိဘပြည်သူများ ဝင်ရောက်လေ့လာ ကြည်ရှုကြကြောင်း သိရသည်။

မိုးစက်