နွားထိုးကြီးမြို့တွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် နံရံကပ် စာစောင်ပြသ

နွားထိုးကြီး ဒီဇင်ဘာ  ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အသိညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်ချမှတ်၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ဒေသခံပြည်သူများနှင့်  ကျောင်းသား၊ ကျောင်းသူများအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိစေရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ၊ဦး တည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ များပါဝင်သည့်ဗွီနိုင်း ပိုစတာများကို ပြသဆောင်ရီက်ထားကြောင်သိရသည်။

သန်းအောင်ဇော်