“သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့” အသိပညာပေး လက်ကမ်းဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသ

နတ်တလင်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးအတွက် “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” အသိပညာပေးလက်ကမ်း ဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာ ချိတ်ဆွဲပြသထားခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ် တွင် “သင်ကြားသင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့”၊ “ကိုဗစ်-၁၉ ရောဂါ ကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့” စာသားများ ပါဝင်သည့် ဗီနိုင်းပိုစတာကို ချိတ်ဆွဲပြသခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်နှင့် ဝန်ထမ်းများက “ကာကွယ်ဆေး(၂) ကြိမ်ထိုးနှံပြီးပါက ကျန်းမာပျော်ရွှင်စွာ သင်ကြားသင်ယူ နိုင်မှာ ဖြစ်တဲ့အပြင် ပြည်သူလူထုအတွင်းမှာလည်း ကာကွယ်ဆေး လွမ်းခြုံမှုမြင့်မားလာပြီး ရောဂါဖြစ်ပွားမှုကို ပိုမိုတားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်” စသည့်စာသားများ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)