သတင်းများ

ကောလင်းမြို့တွင် အအေးပိုလာသည့်အတွက် အနွေးထည်များ ရောင်းအားကောင်း
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းမှ အစပြု၍ ဆောင်းရာသီ အအေးဒဏ် လွန်ကဲလာခြင်းကြောင့် ထူထဲသည့် အနွေးထည်များနှင့် စျေးချိုသည့် ဘေထုပ်အနွေးထည်များ ယခုရက်ပိုင်းရောင်းအား ပိုမိုကောင်းလာကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့်ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဘယ်လင်းကျေးရွာအုပ်စု   တောင်ဦးကျေးရွာ၌  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း  (VDP) ရန်ပုံငွေဖြင့်ကျေးရွာအတွင်း   ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း    ဆောင်ရွက်နေမှုအား   ယနေ့ နံနက်  ၁၀  နာရီကစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနိုင်ရန် မြေစိုက်နံရံကပ် ပြဘုတ်တွင်ပြသထားရှိ
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာန၏လုပ်ငန်းကဏ္ဍမျိုးစုံမှ ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး ဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်၍ ပြည်သူများအလွယ်တကူကြည့်ရှုလေ့လာနိုင်ရန် ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ယမန်နေ့က စတင်၍ကပ်ထားပြသခဲ့ သည်။
ဗန်းမော်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် နံရံကပ်စာစောင်ပြသ
Dec 17,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ဘုတ်၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ဦးတည်ချက်များ ပါဝင်သည့် နံရံကပ်စာစောင်များအား ယနေ့နံနက် (၉ )နာရီက ပြသထားကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များ အသိပေးနှိုးဆော်
Dec 17,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင် ကာကွယ်ရေး အတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များနှင့်လူစည် ကာရာလမ်းဆုံလမ်းခွနေရာ များတို့၌ အသံချဲ့စက်ဖြင့်မွန်/ဗမာ နှစ်ဘာသာ ဖြင့် အသိပညာ ပေးနှိုးဆော်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့်ကျေးရွာကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဘယ်လင်းကျေးရွာအုပ်စု   တောင်ဦးကျေးရွာ ၌  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း  (VDP) ရန်ပုံငွေဖြင့်ကျေးရွာအတွင်း   ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း    ဆောင်ရွက်နေမှုအား   ယနေ့ နံနက်  ၁၀  နာရီကစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်)ရောဂါအသိပညာပေးနှိုးဆော်
Dec 17,2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့်ကြိုတင် ကာကွယ် ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရုံးဝန်ထမ်း များကယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
မင်းတုန်းမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်ခင်းကျင်း ပြသ
Dec 17,2021
မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှိမြေစိုက်နံရံကပ် ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ ပြသလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။