ဝက်လက် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတ ရစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယခု တစ်ပတ် တနင်္လာနေ့တွင် ရိုးသားတဲ့ သူငယ်ချင်း တစ်ဦး၊ ကျောင်းသွားရအောင်၊ ရွှေဇီးကွက်နဲ့ တပည့် ပုံပြင်များ ၊ အင်္ဂါနေ့ တွင် ကဗျာရွတ်ခြင်း အစီစဉ်တွင် ကိုယ်လက်လှုပ်ရှား အားကစား၊ စာကြည့်တိုက်၊ ကိုရွှေယုန် နဲ့ ကိုယ်ရွှေလိပ်ပြာ ကဗျာများ ၊ ဗုဒ္ဓဟူးနေ့တွင် စာအုပ်မိတ်ဆက်ခြင်း အစီစဉ်တွင် စာရေးဆရာ ဂျွန် ရေးသာပြုစုသည့် ဆင်ခြေမများနဲ့၊ စာရေးဆရာ ချမ်းငြိမ်း ရေးသားပြုစုသည့် ဆည်းဆာည၊ စာရေးဆရာ မောင်ဆန္ဒ ရေးသား ပြုစုသည့် ချစ်လျှင်ပျားသကာ မုန်းလျှင် ခါးတမာ စာအုပ်များ၊ ကြာသာပတေးနေ့တွင် ကျန်းမာရေး ကဏ္ဍ အစီစဉ်တွင် စာရေးဆရာမ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) ရေးသားပြုစုသည့် သက်ရှည် ကျန်းမာ အောင် ဟင်းလျာထဲထည့်ချက်ပါ၊၊ ခရီးသွား ကဏ္ဍအစီစဉ်တွင် စာရေးဆရာ မောင်မောင်လင်းထွန်း ရေး သားပြုစုသည့် ထူးခြားဆန်းပြား ဖြစ်ရပ်များအမြင် လှည့်စားနိုင်သည့် ပြတိုက်၊ သောကြာနေ့တွင် ဗဟုသုတကဏ္ဍ အစီစဉ်တွင် ကြာကြာပေါင်းမှ အကြောင်းသိ၊ ကန်တော့ဆွမ်း အကျိုး၊ ကံကောင်းသည် စသည့် အစီစဉ်များစွာကို အပတ်စဉ် ဆောင်ရွက်ကြကြောင်း သိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား ၊ ကျောင်းသူ ၊ သားငယ် သမီးငယ်များအတွက် စာပေ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများမှ Online မှတစ်ဆင့် သုတ၊ ရသ စာပေများ မိတ်ဆက်ခြင်း အစီစဉ်၊ ကဗျာရွတ်ခြင်းအစီစဉ် ၊ ဗဟုသုတ အစီစဉ်၊ ကျန်းမာရေးအစီစဉ်၊ခရီးသွား ကဏ္ဍအစီစဉ် များကို ဝက်လက်မြို့နယ် စာကြည့်တိုက် Page မှ တစ်ဆင့် စဉ်ဆက် မပြတ် တင်ဆက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)