သတင်းများ

ရန်ကင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုဆောင်ရွက်မည့် အစီအစဉ်များအား မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အခြေခံပညာကျောင်းများ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ၊ အားကစားပွဲများ ပြုလုပ်ဆောင်ရွက်မည့် အစီ အစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Online မှတဆင့် စာအုပ်စာပေများ မိတ်ဆက်ခြင်း နှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူ၊ စာငှား/ဖတ် ပရိတ်သတ်များအတွက် စာအုပ်ထဲမှ စာပေများမိတ်ဆက် ခြင်း၊ အသိပညာပေးအစီအစဉ်များကို Online မှတဆင့် အစဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သရက်မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် လျက်ရှိ
Dec 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြို့ဝင်မြို့ထွက်ဂိတ်များ၏ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆးခဲ့ကြသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်ရေးသားသည့် ကောင်းနေတဲ့ကံကို မဆိုးပါစေနဲ့ ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များ အသိပေးနှိုးဆော်
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် မကျည်းပင်ပုအုပ်စု ဒေါင်းစား ကျေးရွာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာ ပေးနှိုးဆော်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ပဉ္စမအသုတ်(ဒုတိယ)အကြိမ်ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး(၅၅၆၀)ဦး ထိုးနှံပေးပြီးဖြစ်
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ)  အကြိမ် ကာကွယ်ဆေး   ထိုးနှံပေးလျက်ရှိရာ   ယမန်နေ့အထိ    (၅၅၆၀) ဦး ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။
အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ် (၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစုရပ် (၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။