မိုးမောက် ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခန့်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံနှင့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားပြီး မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/သူ များအား ဂုဏ်ပြုဆုလက်ဆောင်အဖြစ် ဆေးရောင်ခြယ်စာအုပ်များပေးအပ်ခဲ့ပြီး အာဟာရဖြစ်စေရန် ပဲနို့နှင့်မုန့်များ တိုက်ကျွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)