သတင်းများ

ပန်း​တောင်းမြို့တွင် အိုမီခရွန်ဗီဇ​ပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Dec 17,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ​မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် လယ်ကြီးကျေးရွာအုပ်စု အနောက်ကွင်းအမှတ် (၂၈၄)ရှိ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း
Dec 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအနောက်ကွင်း၊ ကွင်းအမှတ်(၂၈၄)၊ ဦးပိုင်အမှတ် (၃၇/၃)၊မြေကွက်အမှတ်(၄၅၀) တောင်သူ ဒေါ်လှလေး စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၀.၆၁)ဧကရှိ စံကွက်အရွယ်အစား(၀.၀၀၁)ဧကတွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကင်းစင်သော တက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သောတက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Dec 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
သထုံမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၅)ခုတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 17,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ ပေးခြင်းတို့ကို ဒီဇင်ဘာလ ၁၇ ရက်‌နေ့က သထုံမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၅)ခု တို့၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် မူလတန်းအဆင့်‌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်း အားကစားပြိုင်ပွဲများကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်ကျောင်းသား ၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအသိပညာ တိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မူလတန်းအဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Dec 17,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ် ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် (အိုမီခရွမ်) omicrom မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉‌ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအား  အိုမီခရွမ် (omicrom) မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည‌နေ ၄ နာရီအချိန်က (အိုမီခရွမ်) omicrom မျိုးရိုးဗီဇ‌ပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးနည်းလမ်းများအား သိရှိ‌လိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။