ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့်ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ် နှင့်ဦးတည် ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား ရုံးရှေ့မြေ စိုက်ဘုတ် တွင် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ဝင်သည့် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားရှိခဲ့ရာ ဒေသခံပြည်သူ များနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)