ပြည် ဒီဇင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိ ပညာပေး နံရံကပ်စာစောင်ဖြင့် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယင်းအသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ ဦးတည်ချက် (၉)ရပ်ဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများနှင့် အချက် အလက်များ ကဏ္ဍအလိုက် ဖော်ပြပါဝင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်ခရိုင်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် အတွက် နိုင်ငံတော်၏ ဆောင်ရွက်ချက်မှတ်တမ်းများ အပါအဝင် အခြားအသိ ပညာပေး အကြောင်းအရာများကိုလည်း လစဉ်ပြသဆောင်ရွက်ထားရှိကြောင်း သိရ သည်။
ကိုဆက်